Wednesday, October 26, 2011

လူ့ဘ၀၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁ ။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ
လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော
စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။်
စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။်
အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော လေးစားခံရခြင်းသည် မိမိဧ။် ကြံ့ခိုင်သည့်
စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော စီးပွားပျက် ရခြင်းသည် မိမိဧ။်
ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး
ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး
အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့်
လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ
စိတ်ဓာတ် ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

Tuesday, October 25, 2011

အင်္ဂလိပ်စာနဲ့ပတ်သတ်သော links လေးတွေပါ

ဒီအောက်ပါ  links လေးများမှာသူငယ်ချင်းတို့တွေ
အင်္ဂလိပ်စာလေ့လာလို့ရတယ်နော်။ အခြားနိုင်ငံကလူတွေ
နဲ့စကားပြောပြီးတော့ဘဲဖြစ်ဖြစ်အင်္ဂလိပ်စာလေ့ကျင့်နိုင်တဲ့ link
တွေလည်းပါတယ်နော်။ သာယာသောနေ့လေးဖြစ်ပါစေ။ :)

Hello,dear friends,

You can practice your English in these following links. You can also
practice your English writing skills by chatting with people from
foreign countries. Have a pleasant day! :)



    http://www.englishforums.com
   http://www.thechatpage.com
   http://www.learnrealenglish.com
   http://www.effortlessenglishclub.com
   http://www.english-test.net
   http://www.speaking24.com
   http://www.eslwriting.org
   http://www.soundsenglish.com
   http://storynory.com
   http://www.ielts-blog.com

 I do hope you will like them. Enjoy your learning! :) Keep smiling!

Tags: english, links, websites

Monday, October 24, 2011

Steve Jobs ၏ အဖိုးတန် စကားများ

  1. "တခါတလေ သင် တစ်ခုခုကို ဆန်းသစ် တီထွင် လုပ်ကိုင်တဲ့အခါ.. အမှားတွေကြုံရတတ်တယ်၊ အဲဒီအခါ မြန်မြန် အမှားကို ၀န်ခံပြီး... တခြား ဆန်းသစ်နဲ့ နည်းလမ်းနဲ့ တိုးတက်အောင် လုပ်တာ အကောင်းဆုံးပါပဲ" -via
  2. "သင်္ချိုင်းမှာ အချမ်းသာဆုံး လူသား ဖြစ်ရတာ ကျွန်တော့်အတွက် အရေးမကြီးပါဘူး... ကျွန်တော်တကယ်အလေးထားတာက ညအိပ်ရာဝင်တဲ့အခါ ငါ ဘာထူးထူးဆန်းဆန်းအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာပါပဲ" -Wikiquote in Wall Street Journal(Summer 1993)
  3. "Operating System တွေကို  ကျွန်တော်တို့ လုပ်တဲ့အခါ.. အရာရာကို လေ့လာ သုံးသပ်ပြီး... အရိုးရှင်း ဆုံးဖြစ်ဖို့ နဲ့ စွမ်းဆောင်ရည် ပိုပြီး ကောင်းမွန်အောင် တပြိုင်နက် လုပ်ခဲ့ရပါတယ်"- ABC News, Jobs on Mac OS X Beta
  4. "ကျွန်တော်ဟာ အသက် ၂၃ နှစ်မှာ ဒေါ်လာ ၁ သန်း တန်ပါတယ်... အသက် ၂၄ နှစ်မှာ ဒေါ်လာ ၁၀ သန်းကျော် တန်ပါတယ်... ၂၅နှစ်မှာ ဒေါ်လာ သန်း ၁၀၀ တန် ပါတယ်... တကယ်တော့ ဒါက အရေးမကြီးပါဘူး... ကျွန်တော်လုပ်ခဲ့တဲ့အရာတွေက ငွေရဖို့ လုပ်ခဲ့တာ မဟုတ်ခဲ့လို့ပါပဲ " - Wikiquote
  5. "ကျွန်တော့်အလုပ်က လူတွေနဲ့ အဆင်ပြေအောင် လုပ်ဖို့ မဟုတ်ပါဘူး..  အဲဒီ ခမ်းနားတဲ့ လူတွေကို ပိုကောင်းအောင် တိုက်တွန်း လုပ်ဆောင်ပေးဖို့ပါပဲ" -All About Steve Jobs
  6. "ကျွန်တော်တို့ဟာ Screen ပေါ်မှာ ခလုတ်လေးတွေကို လှလှပပ ဖန်တီးထားပါတယ်... သင်မြင်တာနဲ့ လျှာနဲ့ တို့ ကြည့် ချင်စရာ ဖြစ်ပါလိမ့်မယ်" -Wikiquote,in Forturne Magazine(4 Jan 2000)
  7. "ကလစ် တစ်ချက် နှိပ်တာနဲ့ အံ့သြစရာတွေ ကြုံတွေ့ရပါမယ် " -Macworld keynote 2006
  8. "သင်ဟာ ဖောက်သည်တွေကို သူတို့ဘာလိုချင်လဲလို့ မေးမနေပဲ သူတို့ကို စမ်းကြည့်ခွင့် ပေးလိုက်ပါ... သူတို့ သင့်ပစ္စည်းကို ရတာနဲ့ နောက်အသစ်တစ်ခု လိုချင်လာပါလိမ့်မယ်။" -Inc. Magazine
  9. "တကယ်တော့ ဒီဇိုင်းဆိုတာ ဘယ်လိုပုံစံရှိတယ်ဆိုတာနဲ့ လူတွေကို ဘယ်လို ခံစားရစေသလဲ ပြီးတော့ ဘယ်လိုအသုံးဝင်မလဲ ဆိုတာပါပဲ"-New York Times, The Guts of a New Machine,2003
  10. "ပင်လယ်ဓားပြဖြစ်နိုင်တယ်ဆိုရင် ဘာလို့ ရေတပ်ထဲ ၀င်မှာလဲ"-Young Guns: 2009
  11. "တီထွင် ဆန်းသစ် ခြင်းက သာ ခေါင်းဆောင်နဲ့ နောက်လိုက်ကို ခြားနားစေတယ်"-via
  12. "စိတ်ကူးတစ်ခု ရပြီဆိုတာနဲ့ ကျွန်တော့်အလုပ်က ... ပတ်ဝန်းကျင်ကို လျှောက်ကြည့် လေ့လာပြီး လူတွေ ဘာလုပ်နေတယ်.. ဘာတွေစဉ်းစားနေကြလဲ... ဘာတွေ ပြောနေကြလဲ၊ သူတို့နဲ့ ငြင်းခုန်ဆွေးနွေး စကားပြောကြည့်ပါတယ်။ လူအယောက် ၁၀၀ ဆီက စိတ်ကူးတွေကို ရယူပါတယ်။ ပြီးတော့ အမြင်အမျိုးမျိုးကို လေ့လာဆန်းစစ်ပါတယ်..ပြီးမှ အကောင်အထည်ဖော်ပါတယ်။ "-CNNMoney
  13. "ကိစ္စအများကြီးကို လုပ်ဖို့ အခွင့်အရေးဆိုတာ ကျွန်တော်တို့ မရနိုင်ပါဘူး...တစ်ခုခုကို အကောင်းဆုံးဖြစ်အောင် လုပ်သင့်ပါတယ်...ဘာလို့လဲဆိုတာ ဒါ ကျွန်တော်တို့ ဘ၀ပါ..ဘ၀ကတိုတောင်းပါတယ်။ ဘယ်အချိန်သေမယ်ဆိုတာ သင်သိနိုင်မလား...ဒါကြောင့် လုပ်တဲ့အရာတွေကို ရွေးချယ်လုပ်ကြဖို့ လိုပါတယ်... ကောင်းတာတွေကို ပိုလုပ်ကြပါ...ပိုလုပ်ထိုက်ပါတယ်"-Fortune
  14. "လူတွေရဲ့ ဝေါဟာရ အနေနဲ့ ဒီဇိုင်းဆိုတာ အခန်း အတွင်းအလှဆင်တယ်။ ဆိုဖာတွေရဲ့ အဖုံးတွေကို လှပအောင်လုပ်တယ်လို့ မြင်ကြပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒီဇိုင်းဆိုတာ လူသားတွေ စိတ်ကို အသုံးချပြီး အခြေခံဖန်တီးမှုကို အပြင်ဘက် အလွှာတွေနဲ့ လှပအောင် မွမ်းမံလိုက်တာပဲဖြစ်ပါတယ်။ "-Fortune
  15. "သင့်အချိန်တွေက အကန့်သတ်ရှိပါတယ်.. ဒါကြောင့် တခြားသူတွေရဲ့ ဘ၀တွေနဲ့ အသက်ရှင်တာမျိုးနဲ့ အချိန်မဖြုန်းပါနဲ့...တခြားသူတွေရဲ့ အတွေးတွေနောက်လိုက်တဲ့ လမ်းစဉ်ကို မကျင့်ပါနဲ့..တခြားသူတွေရဲ့ အမြင်တွေနဲ့ ဆူညံသံတွေကြောင့် သင့်ရဲ့ အတွင်းကိုယ်ပိုင်အသံ မပျောက်ပါစေနဲ့... အရေးအကြီးဆုံးက စိတ်ရဲ့ ဖန်တီးမှုကို ဦးစားပေးပါ...တခြားအရာတွေက သာမညတွေပါ"-Steve Jobs' Standford Commencement Address
  16. "အရည်အတွက် ထက် အရည်အချင်းက ပိုအရေးကြီးပါတယ်"-Businessweek
  17. "ကျွန်တော်က ဘာပဲလုပ်လုပ် အမြဲပဲ အခြေခံ နည်းပညာ ကို ပိုင်ဆိုင် ထိန်းချုပ်နိုင်ဖို့ကိုပဲ အလေးထားတယ်"-The Seed of Apple's Innovation
  18. "တခုဆို တခုပဲ  လုပ်တတ်တဲ့ လူတွေနဲ့ ထုတ်ကုန်ဒီဇိုင်းလုပ်ရတာ ခက်လိုက်တာဗျာ... အများအားဖြင့်... သူတို့ကို ဘယ်လိုလုပ်ရမယ်ဆိုတာ မပြသေးသရွေ့ မလုပ်တတ်ကြဘူး"-Businessweek,1998
  19. "ကျွန်တော် Apple က နေ အလုပ်ဖြုတ်ခံရတာက ကျွန်တော့်ဘ၀ရဲ့ အလှည့်အပြောင်းတစ်ခုပါပဲ... အောင်မြင်မှုရဲ့ စိတ်ဖိစီးမှုတွေကို စတင်သူတစ်ယောက်ရဲ့ ပေါ့ပါးမှုမျိုးနဲ့ အစားထိုးခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ဘ၀ရဲ့ တီထွင်ဖန်တီးနိုင်တဲ့ အချိန်တွေကို ပိုလို့ရရှိစေခဲ့ပါတယ်။" -Steve Jobs' Standford Commenecement Address
  20. "သင်ဟာ သင့်ဘ၀ရဲ့ လက်ကျန်အချိန်တွေကို သကြားရေရောင်းရင်းနဲ့ အချိန်ကုန်မလား...ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်းလဲဖို့ အခွင့်အရေးကို လိုချင်သလား"-Steve Jobs' famous question to John Sculley, former Apple CEO
  21. "ကျွန်တော်ယုံကြည်တာက အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်နဲ့ မအောင်မြင်တဲ့ လူတွေရဲ့ ခြားနားချက်က ဇွဲနဲ့လုပ်ကိုင်ခြင်းပါပဲ " - Fortune
  22. "ဆာလောင်မွတ်သိပ်ခြင်း ၊ အရူးထခြင်းဖြင့် ရှင်သန်နေထိုင်ပါ..."-Steve Jobs' Standford Commenecement Address
တကယ်တော့ ကျွန်တော်တို့ ကမ္ဘာ့ ရာဇ၀င်မှာ အဖိုးတန် ပန်းသီး ၃ လုံးရှိခဲ့ပါတယ်။ ကမ္ဘာကြီး ကို ပြောင်းလဲ စေတဲ့ ပန်းသီး ၃ လုံးပေါ့... တစ်လုံးက အာဒမ်ရဲ့ ပန်းသီး... နောက်တလုံးက နယူတန်ရဲ့ ပန်းသီးဖြစ်ပြီး... နောက်တစ်လုံးကတော့ Steve ရဲ့ ပန်းသီးပါပဲ...Steve Jobs ကွယ်လွန်သွားပေမဲ့ သူရဲ့ ပန်းသီးအငွေ့အသက်တွေကတော့ လူ့လောက ကြီးမှာ ထာဝရ ရှိနေဦးမှာပါ...သူ့အတွက်  ကျွန်တော်တို့ အားလုံး ၀ိုင်းဆုတောင်းပေးကြစို့လား။